🔸 Cold Zone တွင် အရေးပေါ် ထိခိုက်ဒဏ်ရာရသောလူနာများအား အဆင့်မြင့် အသက်ကယ်ပြုလုပ်ပေးနိုင်သော သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ပိုမိုကောင်းမွန်စွာ ကုသမှုပေးနိုင်သော ၊ ဆေးဝါးကိရိယာ လုံလောက်စွာ ဖြည့်တင်းထားသော ဆေးရုံထားရှိရန် သတ်မှတ်ထားသည်။
▪️စစ်မြေပြင် အရေးပေါ် ကယ်ဆယ်ကုသရေးဆောင်ရွက်ရာတွင် အကြမ်းအားဖြင့် အခြေအနေ (၃)မျိုး ခွဲခြားနိုင်ပါသည်-
1️⃣ Phase 1 - ပစ်ခတ်မှုများကြားမှ ကုသထုတ်ခြင်း
2️⃣ Phase 2 - စစ်ဆင်ရေးဧရိယာအတွင်း အရေးပေါ်ကုသခြင်း
3️⃣ Phase 3 - အရေးပေါ်လူနာအား သင့်တော်သောနေရာသို့ ပို့ဆောင်ကုသခြင်း
🔸 Phase 1 - ပတ်ခတ်မှုများကြားမှ ကုသကယ်ထုတ်ခြင်း
ဤအဆင့်သည် Hot Zone/ပစ်ခတ်မှုများကြား ကုသ ကယ်ထုတ်ခြင်း အခက်အခဲများကြားမှ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် သွေးတိတ်အောင် သွေးထိန်းစည်း ပတ်တီးစီးခြင်း၊ ဒဏ်ရာရသူအား ကာကွယ်၍ ဘေးကင်းရာသို့ ကယ်ထုတ်ခြင်းကိုသာ အဓိက ဆောင်ရွက်ရပါမည်။ ထို့သို့ဆောင်ရွက်ရာတွင် မိမိအန္တရာယ်ကင်းရှင်းမှု၊ ရန်သူဘက်မှ ပစ်ခတ်မှုများကြောင့် နှောင့်နှေးကြန့်ကြာတတ်ပါသည်။
သွေးထိန်းစည်းပတ်တီးစီးခြင်း နည်းလမ်းကို A Yay Paw app (သို့မဟုတ်) A Yay Paw လက်ကမ်းစာစောင် တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
👉 App download ဆွဲရန် https://www.springrevolution.xyz
👉 လက်ကမ်းစာစောင် download ဆွဲရန်
https://tinyurl.com/ayaypaw-pamphlet
👉 သွေးထိန်းပတ်တီးစည်းနည်း
👉Tourniquet စည်းနည်း
🔸 Phase 2 - စစ်ဆင်ရေး ဧရိယာအတွင်း အရေးပေါ် ကုသခြင်း
ဤအဆင့်တွင် conflict area/စစ်ဆင်ရေး ဧရိယာအတွင်း အရေးပေါ်ကုသခြင်းကို ရန်သူဘက်မှ ကျည်ကွယ်မျက်ကွယ်နေရာ Warm Zoneတွင် စတင်၍ ဆောင်ရွက်နိုင်ပါသည်။ ကုသဆောင်ရွက်မည့် ဆေးတပ်သား / ဆေးပညာရှင်များ အနေဖြင့် အရေးကြီးလူနာကို ဦးစားပေးကြည့်ရှုသည့် Triage algorithm အတိုင်း အသုံးပြု၍ ကြည့်ရှုကုသရပါမည်။
ထိုသို့ကုသရာတွင် ကနဦးကြည့်ရှုစစ်ဆေးခြင်း ( Primary Survey )
A- Airway + C-spine protection
B- Breathing and Oxygen