Diet လုပ်သူတိုင်းအတွက် အရေးကြီးဆုံး သိသင့်တဲ့ Intermittent Fasting

Keto Diet နဲ့ပတ်သက်ပြီး စိတ်ဝင်စားကြတဲ့သူအရမ်းများလာတဲ့အခါ သူနဲ့တူတူတွဲဖက်လုပ်ရတဲ့ Intermittent Fasting အကြောင်းကိုပါ စိတ်ဝင်စားလာကြပါတယ်။

အမှန်တကယ်တော့ Keto Diet နဲ့ Intermittent Fasting ဆိုတာ သီးသန့်ပေါ်ထွက်လာတဲ့ စားသောက်နေထိုင်မှုနည်းလမ်းတွေပေမယ့် လက်ရှိ ကမ္ဘာနဲ့အဝှမ်းလက်ခံကျင့်သုံးပြီး သိသိသာသာထိရောက်လွန်းတာကတော့ Keto + Intermitting Fasting နည်းလမ်းပါပဲ။

Keto Diet အကြောင်း အသေးစိတ် အရင် ဆောင်းပါးမှာ ရှင်းပြခဲ့တာမို့ ဒီတစ်ခါတော့ Intermittent Fasting အကြောင်း သေချာသိလွယ် နားလွယ်အောင် ရှင်းပြရရင်-

Intermittent Fasting အတိုကောက် (IF) ဆိုတာ အစာစားချိန်ကို သတ်မှတ်ပေးတဲ့စနစ်ပါ။ Keto က အစာစားပုံနည်းလမ်းကို သတ်မှတ်တာဖြစ်ပြီး IF ကတော့ အဲ့ဒီိအစာစားပုံကို အချိန်နဲ့ ပိုထိထိရောက်ရောက် အလေးချိန်ကျအောင် သတ်မှတ်ပေးတဲ့ Eatting Pattern တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါဆို Intermittent Fasting (IF) က သိပ်များခက်မလား?

လုံးဝ လုံးဝ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းနဲ့ ကောင်းတဲ့ ကိုယ်တွင်း အလေးချိန်ကို ထိန်းညှိပေးပြီး မကောင်းတဲ့ အဆီတွေနဲ့ အလေးချိန်ကို အသိသာဆုံး ကျစေတဲ့ နည်းလမ်းပါ။

လွယ်လွန်းလို့ လူတိုင်း တကယ်လိုက်လုပ်နိုင်သလို တစ်ဖက်မှာလည်း လုပ်ရလွယ်သလောက် IF လုပ်နေတဲ့အချိန်အတွင်း ကွဲပြားခြားနားမှုဟာ သိသိသာသာပါပဲ။

IF က ဘယ်လိုသဘောတရားမျိုးလဲ? ဘယ်လိုအလုပ်လုပ်တာလဲ?

IF ရဲ့ သဘောတရားကို မရှင်းပြခင် အရင်ဆုံး လူတစ်ယောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်အနေနဲ့ ပြည့်ဝအဆင့် (Fed State) နဲ့ ရှောင်ကြဉ်/ဥပုသ်စောင့် အဆင့် (Fast State ) ၂ခုကို သိထားမှရပါမယ်။

ခန္ဓာကိုယ်ဟာအစာကို စဝါးချိန်ကစလို့ အစာချေဖျက်တဲ့အချိန်အတွင်း ၃-၅ နာရီအကြာအထိ အစာကို ကြေညက်ချိန်နဲ့ ခန္ဓာကိုယ်အနှံ့အာဟာရစုပ်ယူချိန်အတွက် Fed State စတင်ပါတယ်။ အဲ့ဒီအချိန်မှာ ခန္ဓာကိုယ်တွင်းက သကြားဓါတ်မြင့်တက်နေတာမို့ အဆီလောင်ကျွမ်းဖို့ တအားခက်ပါတယ်။

အာဟာရစုပ်ယူချိန်ဟာတော့ နောက်ဆုံးစားသုံးတဲ့အစာစားချိန်ကနေပြီး ၈-၁၂ နာရီအကြာထိ ကြာမြင့်တတ်ပါတယ်။ အဲ့ဒီအချိန်ကြာပြီးနောက်မှာတော့ Fast State လို့ခေါ်တဲ့ အစာရှောင်ချိန်ကို ကူးပြောင်းပါပြီ။ ဒီအဆင့်မှာတော့ သွေးတွင်းက သကြားဓါတ်တွေကျဆင်းလာတာမို့  Fed State မှာမချေဖျက်နိုင်ခဲ့သမျှ အဆီတွေ စလောင်ကျွမ်းလာပါပြီ။

အဆီလောင်ကျွမ်းမှုဟာ နောက်ဆုံးစားသုံးချိန်ကနေ ၈-၁၂ နာရီအကွာမှ ဖြစ်တာမို့ IF Fasting ရဲ့ စားသောက်ချိန်ဟာလည်း အဆီလောင်ကျွမ်းတဲ့ပုံစံအခြေနေပေါ်မူတည်ပြီး စနစ်တစ်ခုအနေနဲ့ ပေါ်ထွက်လာပါတယ်။

ဒီနည်းလမ်းကို ကျင့်သုံးတဲ့လူတော်တော်များများရဲ့သဘောအကျဆုံးအချက်က အစာစားသုံးမှုကို ပြောင်းလဲစရာမလိုဘဲ၊ ဘာစားစား ဘယ်လိုစားစား IF ရဲ့ သဘောတရားအချိန်ဇယားအတိုင်း ကျင့်သုံးရုံနဲ့ အဆီတွေလောင်ကျွမ်းမှုအချိန်မှန်ကန်ပြီး အချိန်တိုအတွင်း မကောင်းတဲ့အဆီတွေ ကျဆင်းကုန်တာဖြစ်ပါတယ်။

IF မှာ နည်းဘယ်နှမျိုးရှိလဲ?

စားသုံးအဆင့်နဲ့ ရှောင်ကြဉ်အဆင့် ၂ခုက IF ရဲ့ အဓိက ပင်မအချက်မို့ IF ကို ကျင့်သုံးချင်တဲ့သူတိုင်းအတွက် နည်းလမ်း ၆ ခု ရှိပါတယ်။

(၁) ၈:၁၆ နည်းလမ်း

ဒီနည်းလမ်းကတော့ ၂၄ နာရီရှိတဲ့တစ်နေ့တာတိုင်းမှာ ကြိုက်တဲ့အချိန် ၈ နာရီအပိုင်းအခြားကို ပုံမှန်စားနေကျ အစားအစာကိုပဲ စားသုံးတာဖြစ်ဖြစ်၊ Keto Meal ကိုစားသုံးတာ ဖြစ်ဖြစ် မျှတတဲ့ပမာဏ စားပြီး ကျန်တဲ့ ၁၆ နာရီကို ရေ၊ သကြားမပါတဲ့ Green Tea နဲ့ Black Coffee ကလွဲပြီး ကျန်တာ တစ်စိမှ စားသုံးခွင့်မရှိပါဘူး။ နောက်နေ့အထိ ၁၆ နာရီပြည့်ပြီးမှ ပြန်စားသုံးရမှာပါ။ ဒီနည်းက ပြည်တွင်းမှာပါ နာမည်ကြီးပါတယ်။

(၂) ၂၀ : ၄ နည်းလမ်း

ဒီနည်းလမ်းကလည်း အပေါ်က ၈:၁၆ လိုပါပဲ။ ၄ နာရီစားပြီး နာရီ ၂၀ ရှောင်ကြဉ်ရမှာပါ။ ပိုပြင်းသလောက် ပိုထိရောက်ပါတယ်။ ၄ နာရီစားချိန်ပဲရှိတဲ့အတွက် အဆာပြေတစ်နပ်စာနဲ့၊ ပုံမှန်အစာတစ်နပ်စာလောက်ပဲ စားရပါမယ်။