by Prof. Yin Yin Htun at Shwe Yaung Hnin Si Cancer Foundation

ဒီတစ်ပတ်တော့ အားလုံးကို "အိပ်၍ပျော်" စေချင်လို့ပါနော်။

မိတ်ဆွေအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ကိုဗစ်ကာလကို ဖြတ်ကျော်နိုင်ကြပါစေ။

"အိပ်မပျော်လို့ ဟိုဘက်လှည့် ဒီဘက်လှည့်ဖြစ်နေပါသလား"

ပါမောက္ခဒေါက်တာဒေါ်ရင်ရင်ထွန်း

ဆေးကုသမှုပါရဂူ

ဥက္ကဌ

ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း

ဘယ်လိုအနေအထားမှာမဆို အိပ်၍ပျော်တဲ့ ကံထူးသူများရှိသလို. . .

ဘယ်လိုကြိုးစားအိပ်အိပ် အိပ်မပျော်သူများလည်းရှိတဲ့အတွက်. . .

၂၀၁၉ သြဂုတ်လမှာ HelpGuide.org International အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းက အယ်ဒီတာချုပ်ဖြစ်သူ Melinda Smith နဲ့ ၂ဦး ရေးသားမျှဝေထားတဲ့ How to sleep better Article ကိုဖတ်ကြည့်ပြီး နှစ်သက်တဲ့အတွက် အဓိကမှီငြမ်း ဘာသာပြန်ဆို ရေးသားတင်ပေးလိုက်တာပါ။ ၂၀၁၁ခုနှစ်လောက်ကထဲက အဲဒီအဖွဲ့ကဘဲရေးတဲ့ ခုလို article မျိုးတွေ ကိုဖတ်ဖြစ်ခဲ့ပါတယ်။ အဝေးရောက်ကျေးဇူးတင်ရပါမယ်။

ဆရာဝန်အငယ်ဘဝမှာကော၊ ဆေးကုသမှုပါရဂူအနေနဲ့ကော၊ ကင်ဆာအထူးကုဆရာဝန်အနေနဲ့ပါဆိုရင်ဖြင့် နှစ်ပေါင်းမနည်းတော့တဲ့ ဆေးကုကာလတစ်လျှောက်မှာ အိပ်၍မပျော်သူလူနာများစွာကို အိပ်ဆေးညွှန်ရတာထက် ခုလိုအိပ်ပျော်လွယ်စေတဲ့ နည်းလမ်းလေးတွေ ပြောပြဆွေးနွေးရတာ အားသာတယ်လို့ခံယူခဲ့ပါတယ်။

တစ်ဦးချင်း လိုအပ်ချက် မတူညီနိုင်သ

လို၊ အဆင်ပြေစွာ ကျင့်သုံးနိုင်မဲ့ နည်းလမ်းလည်း မတူညီနိုင်တာမို့၊ အပြည့်အစုံဘဲရေးသားလိုက်တဲ့အတွက် စာတော့နဲနဲ ရှည်သွားပါတယ်။

နှစ်ခြိုက်စွာအိပ်ပျော်လိုပါသလား?

ကျန်းမာရေးနဲ့ မညီညွတ်သော နေ့ဘက်အလေ့အထ များက ညဘက်မှာ အိပ်မပျော်ခြင်းကို ဦးတည်စေပါတယ်။

အိပ်မပျော်ခြင်းကတစ်ဆင့် သင့်စိတ်နေစိတ်ထား၊ ဦးဏှောက်နှင့် နှလုံးကျန်းမာရေး၊ ကိုယ်ခံစွမ်းအား၊ ၊ ခန္ဓါကိုယ်အလေးချိန်၊ ကြံ့ခိုင်သန်မာမှု၊ တီထွင်ဖန်တီးမှုစွမ်းအား စသည်တို့ကို ယိုယွင်းစေပါတယ်။

အောက်ပါ အိပ်၍ပျော်စေသောနည်းလမ်းများကို စမ်းသပ်ကြည့်ရင်း ညဘက်မှာ နှစ်ချိုက်စွာအိပ်ပျော်ခြင်း သည်သင်၏ကျန်းမာရေး ပိုမိုကောင်းမွန်လာစေပါလိမ့်မယ်။ သင်၏အတွေးအခေါ် မှန်ကန်တိုးတက်လာပြီး၊ သင်၏စိတ်ခံစားမှုတို့ကို လွယ်ကူစွာထိမ်းချုပ်နိုင်စွမ်းရှိလာပါမယ်။

ဤရိုးရှင်းသော နည်းလမ်းများက သင့်ကို ပိုမိုနှစ်ခြိုက်စွာအိပ်ပျော်စေပါလိမ့်မယ်။ မိုးလင်းတဲ့အခါ နေ့သစ်မှာ သင့်ရဲ့ တစ်နေ့တာ အားအင်တွေပြည့်ဝလို့ နေ့တဓူဝအလုပ်တွေကို ကောင်းစွာပြုလုပ်ဆောင်ရွက်နိုင်ပါမယ်။

အိပ်ပျော်စေမည့်နည်းလမ်း (၇)သွယ်