Inferior Myocardial Infarct

And

Coronary dominant system

———————————————

(နှလုံးအောက်ဘက်ကြွက်သားပုပ်ခြင်း)

(ယခု Page မှာ တင်ပြထားခဲ့ပြီးသော စာများ၊ ပုံများအား ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။ လွတ်လပ်စွာ ရှဲနိုင်ပါသည်။)

Acute myocardial infarct လို့ခေါ်တဲ့ နှလုံးကြွက်သားပုပ်ခြင်း ဘာကြောင့်ဖြစ်လဲဆိုတော့ နှလုံးသွေးကြော အလုံးစုံပိတ်သွား (Total occlusion of coronary artery) လို့ဆိုတာ သိကြပြီးဖြစ်ပါတယ်။ Main coronary arteries ၃ ချောင်းရှိတဲ့အနက် (Left anterior descending, Left circumflex artery, Right coronary artery) သူတို့တာဝန်ယူပြီး ထောက်ပံ့ထားရတဲ့ ကြွက်သားပမာဏက မတူကြဘူး။

Left anterior descending artery ဆိုရင် နှလုံးရဲ့အရေးပါတဲ့ Major Contractile unit ကြွက်သားတော်တော်များများကို တာဝန်ယူထောက်ပံ့ပေးနေရတယ်။ သူ့အပေါ်မှာ မှီခိုတဲ့ burden က များတယ်။ ဒါကြောင့် LAD occlusion (Anterior MI) ဆိုရင် Widow-maker heart attack လို့ဆိုကြတယ်။ သေနှုန်းမြင့်တယ်။ Inferior MI မှာကျတော့ contractile unit ကိုထိတာထက်စာရင် heart block တို့၊ cardiogenic shock တို့၊ severe bradycardia တို့က ဒုက္ခပေးတတ်တာ။

Background knowledge

Inferior MI ဆိုတာ Posterior descending artery (PDA) ပိတ်လို့ဖြစ်ပါတယ်။ ပုံမှန်လူအများစုမှာဆိုရင် Post:descending artery က Right coronary artery ရဲ့ branches ဖြစ်ပါတယ် (Right dominant system)။ လူအနည်းစုမှာကျတော့ Left circumflex artery ကနေ PDA branches ကိုပေးတာမျိုးရှိတယ် (Left dominant system)။

Inferior infarct တိုင်းမှာ posterior infarct ကိုလည်း ရှာပေးရပါတယ်။ Infarct extension ကို ရှာတဲ့သဘောပါ။ Infarct extension ကြီးလေလေ၊ Prognosis ဆိုးလေလေပဲ။

Applied medicine

Coronary dominant system တွေကို သိပြီဆိုရင် Inferior MI လူနာတိုင်းမှာ until proved otherwise ကတော့ Right coronary artery (RCA) ပါနိုင်တယ်ဆိုတာကို ခေါင်းထဲမှာ အမြဲထည့်ထားပေးရပါတယ်။ Inferior MI လူနာတိုင်းမှာ Right ventricular infarct ရှိလားဆိုတာ အမြဲသတိထားရပါတယ်။ ဒါကြောင့် Inferior MI မှာ Right-sided chest leads ကို ဆွဲထားပေးရပါတယ် (RV infarct ပါနေလားသိချင်လို့)။ ဒါ့အပြင် RCA က SA node, AV node ကိုပါ supply လုပ်ထားတာဖြစ်လို့ Heart block တွေလည်း အမြဲတွဲတွဲပါလေ့ရှိတတ်တယ်။ (***Inferior MI with heart block တွေဆိုရင် RCA involvement ပါနေတယ်လို့ သံသယဖြစ်ရပါမယ်။)

First impression on ECG ကနေပြီးတော့ Inferior MI တစ်ခုကို ဘယ် coronary artery ပိတ်နေတယ်ဆိုတာကို ခန့်မှန်းကြည့်လို့ရတယ်လို့ ECG journal တွေမှာရေးကြပါတယ်။

Right coronary artery occlusion ကြောင့် Inferior MI ရတာဆိုရင် -

  1. Inferior lead ၃ခုအနက် (II,III,aVF) ST elevation in lead III > lead II ဖြစ်နေပါမယ်။

  2. Lead I မှာ reciprocal ST depression ပေါ်ပါမယ်။ Right ventricle ရဲ့ opposite lead ဖြစ်နေလို့။

  3. Right ventricular infract (STEMI in V1,V4R)

  4. Bradycardia or heart block

Left circumflex artery occlusion ကြောင့် inferior MI ရတာဆိုရင် -