🕊️End of Life Care (EOL)

🕊️End of Life Careက ကိုယ်တွေအရင်တုန်းက မရင်းနှီးတာမို့လို့ NHSမှာ အလုပ်မဝင်ရသေးသူတွေအတွက် ရင်းနှီးအောင် ဒီpostလေးရေးပေးထားပါတယ် ဒီpostမှာတော့ EOL care (Hospital Settings)ကိုပဲ အဓိကထားပြီးရေးပေးသွားမှာဖြစ်ပါတယ်

🕊️EOL careဆိုတာ ရောဂါကျွမ်းလို့ ဘဝရဲ့နောက်ဆုံးရက်တွေမှာ Active treatment တွေကိုရပ်ပြီး Comfort care or Palliative careကို ဦးစားပေးပြီး ကုသတဲ့Careမျိုးပါ

နောက်ဆုံးရက်လို့ဆိုပေမယ့် EOL careကို ၁နှစ်အတွင်းဆုံးပါးနိုင်တဲ့လူတွေအထိပေးလို့ရပါတယ်

🕊️ GMCရဲ့ End of life care definition ကို အောက်မှာဖတ်လို့ရအောင်ထည့်ပေးထားပါတယ်

People are ‘approaching the end of life’ when they are likely to die within the next 12 months. This includes people whose death is imminent (expected within a few hours or days) and  those with:

🔘 Advanced, progressive, incurable conditions

🔘General frailty and co-existing conditions that mean they are expected to die within 12 months

🔘Existing conditions if they are at risk of dying from a sudden acute crisis in their condition

🔘Life-threatening acute conditions caused by sudden catastrophic events.

🕊️ Hospital setting မှာဆို အခြေအနေအရမ်းဆိုးနေတဲ့လူနာ Active treatment ပေးရဲ့နဲ့ မကောင်းလာဘဲ ပိုဆိုးလာတဲ့လူနာ (Not for escalation/Not for ITUလို့ဆုံးဖြတ်ထားတဲ့လူနာ) တွေမှာ End of life decision ချဖို့ Consultant/Registrar (out of hours)က လူနာ သို့ လူနာရှင်တွေရဲ့ wish and preference တွေ ထည့်သွင်းစဉ်းစားပြီး Decisionချရပါတယ်

🕊️နောက်ပြီး End of life careကို Hospital, Care home, Hospice, Homeစတဲ့နေရာတွေမှာပေးလို့ရပါတယ် ဒါပေမယ့် EOL decision ကို ဆေးရုံမှာလုပ်ပြီးရင် များသောအားဖြင့် ဆေးရုံမှာပဲ နောက်ဆုံးအချိန်ကို ကုန်ဆုံးတာများပါတယ် နောက်တစ်နေရာရွှေ့ဖို့လူနာက အရမ်းunwellဖြစ်နေတာများလို့ပါ

🕊️EOL decision ချလိုက်ရင် လူနာကCapacity ရှိရင် လူနာရယ် family ရယ်ကိုပြောပြီး Capacity မရှိတဲ့လူနာတွေတော့ Family ကိုInformပြီး EOL decision and careကိုဆွေးနွေးရပါမယ် (အဓိကတော့ ဘယ်ကုသမှုတွေကိုဆက်ပေးမယ် ဘယ်ဟာတွေကိုဆက်မပေးဘူးဆိုတာတွေပါ) ပြီးရင် Further Observation, further investigation and treatment တွေရပ်ပြီး EOL paperwork တင်ရပါတယ်

🕊️ EOLတင်လိုက်ရင် ပေးနေတဲ့ IV fluidတွေ Antiboticတွေရယ် မလိုအပ်တဲ့ဆေးတွေအားလုံးရပ်ပြီး Symptoms သက်သာစေတဲ့ Anticipatory medication တွေပဲ ပေးတော့တာမျိုးပါ လူနာက imminently dying ဆိုရင်တော့ ဆေးအကုန်ရပ်တာများပါတယ် အချို့Critical medication တွေဖြစ်တဲ့ Antiepilepticတွေ Parkinson drugတွေတော့မရပ်ဘဲဆက်ပေးကြတယ် Insulin ကတော့ လူနာကရက်အနဲငယ်ပဲ ခံတော့မယ်ဆိုရင်တော့လဲရပ်ပေမယ့် လအနဲငယ်ထိခံနိုင်တဲ့ လူနာတွေမှာ regimes ပြောင်းပေးကြပါတယ် အဲ့အတွက် guidelines လေးရှာတွေ့ထားလို့အောက်မှာ linkထည့်ပေးထားပါမယ်

https://www.diabetes.org.uk/for-professionals/improving-care/clinical-recommendations-for-professionals/diagnosis-ongoing-management-monitoring/end-of-life-care

💊Anticipatory Medication

Anticipatory medication guidelines က ဆေးရုံတိုင်းရဲ့ Intranet မှာရှာဖတ်လို့ရပါတယ် Anticipatory medication တွေကို PRN ပဲprescribeလုပ်ပြီး SC routeပဲသုံးကြပါတယ် အောက်မှာလဲအကြမ်းဖျင်းရေးပြပေးပါမယ်

💉managing pain

renal  function ကောင်းတဲ့လူနာတွေမှာSC morphine ပေးပြီး CKD(eGFR <30), AKI လူနာတွေအတွက် Fentanyl သုံးပါတယ် Oxycodone လဲသုံးတာတွေ့ဖူးပါတယ်

💉managing distress or breathlessness