Prucalopride (Resolor, Resotran, Motegrity)
a selective, high affinity serotonin (5-HT4) receptor agonist with enterokinetic activities
For Chronic constipation when other laxatives fail to provide an adequate response
1-2 mg OD , review after 4 wks
CI in Crohn’s disease; intestinal obstruction; intestinal perforation; toxic megacolon; ulcerative colitis
Caution in History of arrhythmias; history of ischaemic heart disease
Article
ဆရာ ဒီဝမ်းနှုတ်ဆေး ကြာကြာ စွဲသောက် လို့ရလား? ❓❓❓
အမေးများတဲ့ မေးခွန်းတစ်ခုပါ
အချို့ သူတွေက အိမ်သာထဲမှာ ထိုင်မရ ထမရ ဖြစ်သလို ဝမ်းပုံမှန်သွားမှ ခေါင်းမခဲဘူးဆိုပြီး ယူဆတဲ့သူတွေလည်း ရှိပါတယ်
အဖြေကို လိုတိုရှင်းပြောရရင် ဆရာဝန် မညွှန်ကြားဘဲ ဘယ်ဝမ်းနှုတ်ဆေးမှ ကြာကြာစွဲမသောက်သင့်ပါ 😳
မြန်မာဆေးရော၊ တိုင်းရင်းဆေးရော၊ အင်္ဂလိပ်ဆေးရော တူတူပါပဲ။
(၂) ပတ်ထက် မပိုတာ ကောင်းပါတယ်၊ အလွန်ဆုံးမှ တစ်လ ပါ ⚠️
အချို့က ဝိတ်ချချင်လို့ ဝမ်းနှုတ်ဆေးသောက်တယ်၊ အကျိုးမရှိပါ 😢
အစာတွေ ခန္ဓာကိုယ်ထဲက မြန်မြန်ထွက်သွားတော့ အစာကို သေချာမစုပ်ယူနိုင်ရင် ဝိတ်ကျတာပေါ့ ဆိုပြီး ယူဆချက်နဲ့ သောက်ကြတာပါ။
လေ့လာဆန်းစစ်ချက်တွေအရ အစာစုပ်ယူမှုကို မသိမသာလေးပဲ ချတာပါတဲ့။ (ဆိုလိုတာက သိပ်မထိရောက်ဘူးလို့ ပြောတာပါ) 🥺
ဝမ်းနှုတ်ဆေး စ သောက် စမှာ ဝိတ်ကျသလို ထင်ရတာက ခန္ဓာကိုယ်ထဲက ရေဓါတ်နဲ့အတူ လေတွေ အပြင်ထွက်သွားတာကြောင့် ဝိတ်ချိန်ကြည့်ရင် နှစ်ပေါင်လောက် ကျပြီး ဗိုက်ကလေးတောင် အနည်းငယ် ချပ်သွားသလို ထင်ရတာပါ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးက အစားပြန်စားလိုက်တာနဲ့ နဂို အတိုင်း ပြန်ဖြစ်သွားတာပါတဲ့။ 😤
ဝမ်းနှုတ်ဆေးတွေ အမျိုးအစားအများကြီးရှိပင်မယ့် သူတို့ အလုပ်လုပ်ပုံက အဓိက (၄) မျိုးလောက်ပဲ ရှိပါတယ်။