ပုန်းနေသော မူလကင်ဆာများ

Credit. Dr. လွှမ်းမိုးဟန်

ဒီတော့ CUP လူနာတွေကိုတွေ့ပြီဆိုရင် Primary မတွေ့လည်း ကင်ဆာဆဲလ်တွေရောက်နေတဲ့ နေရာက အသားစကို ရအောင်ယူ ပါ။ ပြီးရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ Tumour markerတွေ၊သွေးစစ်ချက်တွေနဲ့ စစ်ဆေးပါ။ကုသလို့ ကောင်းတဲ့ ၂၀%မျှသော CUP ဟုတ်၊မဟုတ် စေ့ငုပါ။ ဒါတွေကို ရသလောက်ခွဲထုတ်ပြီးရင်တော့ ပြဌာန်းထားတဲ့ Guidelines များအတိုင်း ကင်ဆာဆေးများသွင်းခြင်း၊ဓာတ်ရောင်ခြည်နဲ့ ကုသခြင်းစတာတို့နဲ့ ကုသကြရတာဖြစ်ပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

CUP ကင်ဆာအမျိုးအစားတွေကို အခြေအနေကောင်းတဲ့(Favourable) အမျိုးအစားနဲ့ အခြေအနေမကောင်းတဲ့(Unfavourable) အမျိုးအစား ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ အခြေအနေမကောင်းတဲ့ အမျိုးအစားက ၈၀% ရှိနေတာပါ။ အသည်းနဲ့တခြားအင်္ဂါတွေကို ပျံ့နှံ့နေတဲ့ Adenocarcinoma အမျိုးအစားဆို မကောင်းဘူး၊ဦးနှောက်ထဲမှာ မွထနေအောင် ပျံ့နှံ့နေတဲ့ CUP အမျိုးအစားဆို မကောင်းဘူး။ အဆုတ်ထဲ မှာ မွထနေအောင် ကင်ဆာလုံးတွေပျံ့နှံ့နေတဲ့ CUP ဆိုရင်လည်း မကောင်းဘူး။ အရိုးအနှံ့အပြားမှာ ကင်ဆာတွေပျံ့နှံ့နေပြီး PSA မတက်တဲ့ CUP ဆိုရင်လည်း မကောင်းဘူး။

အရင်ဆောင်းပါးတွေမှာ ရေးခဲ့ဖူးတဲ့ Tumour markers တွေဟာ ဒီနေရာမှာအသုံး၀င်ပါတယ်။ ဒီလိုစစ်ဆေးတဲ့နေရာမှာ CA 19-9, CEA,CA 125, CA 15-3 ဆိုတာတွေထက် B-HCG,AFP,PSA ခေါ်တဲ့ Tumour markers တွေက ပိုအသုံး၀င်ပါသတဲ့။ အကြောင်းရင်းက အဲဒီ သုံးခုတက်နေရင် ကုသမှုရလဒ်ကောင်းတဲ့ ကင်ဆာတွေ ဖြစ်နေနိုင်လို့ပါ။ လူနာအတွက် ၀မ်းသာစရာပေါ့။ အမျိုးသမီး CUP လူနာတွေမှာဆို ရင် ရင်သားဓာတ်မှန်ရိုက်ကြည့်ဖို့လည်း ထည့်စဉ်းစားရပါလိမ့်မယ်။

ကွန်ပြူတာဓာတ်မှန်နဲ့ CUP လူနာတွေကို စစ်ဆေးရင် ၃၀ကနေ ၃၅%လောက်ဟာ ကင်ဆာဘယ်ကနေလာသလဲဆိုတဲ့ အဖြေထွက် သွားကြတယ်လို့ဆိုပါတယ်။ အဲသလိုမှ မရသေးရင် PET/CT ရိုက်လို့ရပါသေးတယ်။ ဦးခေါင်း၊လည်ပင်းနဲ့ အဆုတ်အတွင်းက မြုပ်နေတဲ့ Primary ကင်ဆာများကို ရှာဖွေပေးနိုင်တယ်လို့ဆိုပါတယ်။ အဲသလိုမှ မရရင်တော့ ကင်ဆာဆဲလ်တွေပျံ့နှံ့နေတဲ့ နေရာကို အသားစရအောင် ယူရတော့မှာပါ။ ဥပမာ အရိုးမှာ ကင်ဆာဆဲလ်တွေဝါးမျိုနေရင် အဲဒီအရိုးနေရာကို အသားစယူရမယ်။ မိုက်ကရိုစကုပ်နဲ့ကြည့်ပြီး အပေါ်က ကင်ဆာအမျိုးအစားကြီးလေးခုအနက် ဘယ်ကလာသလဲဆိုတာကို ရှာရပါမယ်။ တခါတလေ ကင်ဆာဆဲလ်တွေဟာ အမျိုးအမည်ခွဲခြားလို့ မရတော့လောက်အောင် ပုံပျက်နေပြီဆိုရင် EMA(Epithelial Membrane Antigen)နဲ့ LCA (Leucocyte Common Antigen) ခေါ်တဲ့ နည်း လမ်းတွေနဲ့ စမ်းသပ်လို့ ရပါတယ်။EMA ရှိနေရင် Carcinoma ဖြစ်ဖို့များပြီး LCA ရှိရင်တော့ လင်ဖိုးမားဘက်သွားတာပေါ့။

လူ့ခန္ဓာကိုယ်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ အခြေခံ ဆဲလ်ကလာပ်စည်းအမျိုးအစား လေးမျိုးရှိပါတယ်။ Carcinoma လို့ခေါ်တဲ့ အဖြစ် အများဆုံး ကင်ဆာအမျိုးအစား။ ဆဲလ်ကလာပ်စည်းတွေရဲ့ အပြင်ဘက်ဆုံးအလွှာကနေ ကင်ဆာဖြစ်တာလို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ နောက်ကင်ဆာအမျိုးအစားကတော့ Lymphoma ခေါ်တဲ့ ပြန်ရည်ကျိတ်တွေကနေ စဖြစ်တဲ့ ကင်ဆာပါ။ နောက်တစ်မျိုးကတော့ Melanoma ခေါ်တဲ့ မှဲ့ကင်ဆာအမျိုးအစားပါ။ နောက်ဆုံးတစ်ခုကတော့ Sarcoma ခေါ်တဲ့ အရိုးတွေ၊ကြွက်သားတွေ၊အဆီဖုတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာ ပါ။ CUP နဲ့ ရောက်လာတဲ့ လူနာတွေမှာလည်း ဒီကင်ဆာအမျိုးအစားကြီးလေးခု(Carcinoma,Lymphoma,Melanoma,Sarcoma) ကနေ ဖြစ်လာတဲ့ သဲလွန်စကိုပဲ ရှာရမှာပါ။

CUP လူနာတွေမှာ ဘာကြောင့်ဒီလို ဖြစ်ရတယ်၊ ဘယ်လိုအကြောင်းတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာမျိုး သိသာထင်ရှားတဲ့အချက် အလက်တွေ မရှိပါဘူး။ပုံမှန်အားဖြင့် ကင်ဆာရောဂါတစ်ခုရယ်လို့ ဖြစ်လာရင် ဆဲလ်ကလာပ်စည်းတွေထဲမှာ ကြိုတင်ပြင်ဆင်အချိန်ယူရတဲ့ ကာလတွေရှိပါတယ်။ Premalignant အခြေအနေခေါ်တာပေါ့။ CUP လူနာများကျတော့ ကင်ဆာဆဲလ်များရဲ့ ပုံမှန်စည်းမျဉ်းစည်းကမ်းတွေ ကိုတောင် လိုက်နာမှုမရှိတော့ပဲ မူရင်းကင်ဆာ အစိုင်အခဲအကောင်အထည်ပေါ်မလာခင်မှာ အဝေးကြီးကိုပျံ့နှံ့သွားတတ်ကြတာဖြစ်ပါတယ်။ CUP လို့ပြောလိုက်တာနဲ့ အဲဒီကင်ဆာအမျိုးအစားတွေမှာ အဝေးကြီးကို အလျင်အမြန်ပျံ့နှံ့သွားတတ်တာ၊ ဘယ်လိုပျံ့နှံ့မယ်ဆိုတာကို အခြား သမားရိုးကျကင်ဆာတွေလို ခန့်မှန်းလို့မရနိုင်တာ၊ ကင်ဆာရောဂါအချင်းတူတူတောင် အတော့်ကို ပြင်းထန်တတ်တာစတဲ့ လက္ခဏာတွေ ရှိ နေတတ်ပါတယ်။ဥပမာ မုန့်ချိုအိတ်ကင်ဆာဆိုပါတော့။ သမားရိုးကျမုန့်ချိုအိတ်ကင်ဆာများဟာ မုန့်ချိုအိတ်မှာ အလုံးအကျိတ်ပေါ်ပြီးမှ ခါးရိုး တွေ၊ အဆုတ်တွေကို ပျံ့နှံ့တတ်ကြတာဖြစ်ပေမယ့် မုန့်ချိုအိတ်မှာ အလုံးအကျိတ်စမဖြစ်ပဲ အဆုတ်တို့၊ခါးရိုးတို့မှာ ကင်ဆာဆဲလ် တွေစပေါ် တတ်တဲ့ CUP နဲ့ စလာတတ်တဲ့ မုန့်ချိုအိတ်ကင်ဆာများကတော့ သမားရိုးကျမုန့်ချိုအိတ်ကင်ဆာများထဲ ပိုပြင်းထန်တယ်၊ အဝေး ကြီးကို အချိန်တိုအတွင်း ပိုပျံ့နှံ့သွားနိုင်တယ်ဆိုတဲ့ လက္ခဏာတွေ ရှိနေတာပါ။

ဖြေ။ Cancer of Unknown Primary(CUP)လို့ ခေါ်ကြတဲ့ မူရင်းကင်ဆာကို မသိကြတဲ့၊ရှာမတွေ့ကြတဲ့ သနားစရာကင်ဆာလူနာတွေဖြစ် ပါတယ်။ အမျိုးသား၊အမျိုးသမီးအားလုံးမှာ ဖြစ်ကြတဲ့ကင်ဆာများရဲ့ ၃%ကနေ၅%အထိဟာ CUP လူနာတွေဖြစ်ကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံ များမှာဆိုရင် အဖြစ်များဆုံးကင်ဆာဆယ်မျိုးထဲမှာတောင် CUP တွေ ပါကြပါတယ်။ မူရင်းကင်ဆာကို မသိတော့ဘူး၊ဘယ်ကနေလာတဲ့ ကင်ဆာမှန်း မသိတော့ဘူး၊ CUP ဖြစ်သွားပြီလို့ ပြောဖို့ဆိုရာမှာ အခြေခံကျန်းမာရေးစစ်ဆေးချက်များကနေ ကွန်ပြူတာဓာတ်မှန်၊သံလိုက်စက် ကွင်းဓာတ်မှန်၊ ရင်သားဓာတ်မှန်များ အလယ်၊ နောက်ဆုံး PET/CT scan ခေါ်တဲ့ အဆင့်မြင့်ဓာတ်မှန်များစွာနဲ့ စစ်ဆေးပြီးတော့မှ Primary ကင်ဆာဖြစ်တဲ့နေရာကို မတွေ့မှသာလျှင် CUP လို့ ခေါ်ဆိုနိုင်တာဖြစ်ပါတယ်။

မေး။ ဆရာခင်ဗျား။ကျွန်တော်ဟာ အထွေထွေရောဂါကုဆရာ၀န်တစ်ယောက်ပါ။ ခုတလော ကျွန်တော့်ဆေးခန်းကို လာပြတတ်ကြတဲ့ ကင် ဆာလူနာတွေထဲမှာ ဘယ်ကနေစဖြစ်မှန်း မသိဘူးဆိုတဲ့ ကင်ဆာလူနာတွေ တွေ့နေရပါတယ်ဆရာ။ အထူးသဖြင့် ခါးရိုးတလျှောက်မှာ ကင် ဆာဆဲလ်တွေဝါးမြိုထားပြီးတော့ တကိုယ်လုံးကွန်ပြူတာဓာတ်မှန်ရိုက်ပြီးတာတောင် ဘယ်နေရာကနေကင်ဆာဖြစ်ပြီး ခါးရိုးကိုရောက်သွား လဲဆိုတာ မသိကြတဲ့ လူနာတွေ တွေ့နေရပါတယ်ဆရာ။ Primary မသိတဲ့ ကင်ဆာတွေလို့ ဖတ်ဖူးပါတယ်။အဲသလို လူနာမျိုးတွေကို ဘယ် ကိုလွှဲပေးရမလဲ။ ကင်ဆာဆေးတွေ သွင်းပြီးကုသရမှာလား။ သူတို့ကို ဘယ်လို ရှင်းပြရမလဲဆိုတာ ကင်ဆာဆရာ၀န်တစ်ဦးရဲ့ အမြင်ကို သိချင်ပါတယ်ခင်ဗျား။