Behind The Party Drugs
✨ "ဒီခံစားချက်က.....သဘာဝတရားကြီးတည်ရှိမှုကို အမြင်သစ်တစ်မျိုးနဲ့ မြင်ရသလိုပဲ...ပြီးတော့ ဒါက နိစ္စဓူဝမြင်တွေ့နေရတဲ့ အာရုံတွေ ယုံကြည်မှုတွေထက် ပိုပြီး ခမ်းနားတယ် လက်တွေ့ကျတယ်...အန္တိမအမှန်တရားဖြစ်တယ်လို့လည်း...ခံစားရတယ်"
Psychiatrist တစ်ဦးဖြစ်တဲ့ Stanislav Grof က
သူ LSD သုံးပြီး ရတဲ့ အတွေ့အကြုံကို ပြောပြတယ်..
✨ LSD ဆိုတာက စိတ်ကို ပြောင်းလဲစေတတ်တဲ့ မူးယစ်ဆေးဝါးတစ်မျိုးရဲ့ နာမည်...
သူကြုံတွေ့ရတဲ့ အနေအထားက ဆေးသုံးပြီး အရှိန်အတက်ဆုံးအချိန်.....
သူ့လိုပဲ အဲ့ဆေးသုံးတဲ့သူတွေရဲ့ ခံစားချက်က...
"more real" than ordinary experience တဲ့..
ပိုစစ်မှန်တဲ့ လောကတစ်ခုကို ထိတွေ့ခွင့်ရတယ်လို့ ဆိုကြတယ်....
✨ တော်တော်များများက ဒါကို High ဖြစ်တယ်လို့ သုံးကြတယ်....စာသံပေသံနဲ့ဆို...Psychedelic experience or trip ပေါ့....
(ဒီမှာတော့ လစ်တယ်လို့ ခေါ်ကြသလားပဲ)
ဒီဆေးသုံးတဲ့ သူတိုင်းက ဒီ trip ကို ရောက်လားဆိုတော့....မရောက်ကြဘူးပါဘူး...
✨ ဘာလို့လဲဆိုရင်...တစ်ယောက်နဲ့ တစ်ယောက်မှာ set and setting မတူကြသလို...ဆေးရဲ့ အရည်အသွေးပိုင်းလည်းမတူကြလို့ပါ...
#Set #and #Setting
✨ ဒါကို မပြောခင်...Club တို့ Party တို့မှာ သုံးလေ့ရှိတဲ့ ဆေးအမျိုးအစားတွေကို နည်းနည်း ပြောပါမယ်..
1️⃣ ပထမဆုံးက #Depressants အုပ်စုပါ...သူက လူကို အပန်းပြေစေသလို Calm ဖြစ်စေတယ်
2️⃣ ဒုတိယတစ်မျိုးက #Stimulant...
စိတ်ကြွဆေးဆိုတဲ့ နာမည်နဲ့လိုက်အောင် အားအင်တွေ ရစေတယ်..တက်ကြွလန်းဆန်းတယ်...
3️⃣ နောက်ဆုံးတစ်ခုက #Hallucinogens တွေပါ..
လူတွေရဲ့ အာရုံသိမြင်နိုင်စွမ်းအားကို ကမောက်ကမ ဖြစ်စေပြီး စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးတွေပေါ့...