Journal တွေ article တွေ ဖတ်ဖို့ ပြောကြတဲ့ အခါ အခုမှ ကျောင်းပြီးလာတဲ့ medics တစ်ယောက်အနေနဲ့ research papers တွေဟာ ခေါင်းခြောက်စရာ ရွေးချယ်မှုတွေ ဖြစ်နေတတ်ပါတယ်။ ပထမဦးဆုံး Medical papers တစ်ခုချင်းဆီရဲ့ အလုပ်လုပ်ပုံ information ပေးပုံတွေ မတူဘူးဆိုတာကို အရင်နားလည်ရပါမယ်။ တစ်ချို့ paper က new treatments ကို test လုပ်ပါတယ်၊ တစ်ချို့က ရှိပြီးသားအချက်အလက်တွေကို summarize လုပ်ပေးပါတယ်၊ real world experience တွေ ပြောပြတဲ့ papers တွေလည်း ရှိပါတယ်။ ကိုယ်ဖတ်မယ့် paper ရဲ့ အမျိုးအစားပေါ်မူတည်ပြီး ဒီ paper က ပေးမယ့် Information ရဲ့ evidence ခိုင်မာမှုကို ဆုံးဖြတ်ရပါမယ်။ ဒါကို research hierarchy လို့ခေါ်ပါမယ်။ Medical papers တွေမှာ အတွေ့များတဲ့ အမျိုးအစားတွေကတော့ ၁။ Case reports/ case series နေ့တိုင်း အလုပ်ထဲတွေ့နေတဲ့ case တွေထဲက ထူးခြားတာမျိုးကို report ရေးကျတာပါ။ BMJ case reports, Journal of Medical Case reports JMCR , Oxford Medical case reports OMCR စတဲ့ journal မျိုးတွေပါ။ Unusual illness, reaction, ဒါမှမဟုတ် outcome တွေ ကို ရေးကျပါတယ်။ first signal of something new ဖြစ်တတ်လို့ case reports တွေဟာလည်း အရေးပါပါတယ်။ ဒါပေမယ့် cause and effect ဆက်စပ်ပြနိုင်မှု မှာတော့ အားနည်းပါတယ်။ ၂။ Observational studyဘာဖြစ်နေလဲ စောင့်ကြည့် နေတာ observations ပါပဲ။ “ မပြောသေးဘူး ကြည့်နေတယ် “ မဟုတ်ပါဘူး။ စောင့်ကြည့်ပြီး ပြောပါတယ်။ Snapshot တစ်ချက်ဖြတ်ပြီး တွေ့တာတွေ ပြောပြတာ ကို cross sectional study လို့ ဆိုပါတယ်။ One moment မှာတွေ့တာတွေ ပြောတာမို့ ရောဂါတစ်ခု ဘယ်လောက် common ဖြစ်နေလဲ ဆိုတဲ့ မေးခွန်းမျိုးရဲ့ အဖြေအတွက် cross sectional study တွေက ကောင်းပါတယ်။ ဖျက်ခနဲ တစ်ချက်တည်း မဟုတ်ပဲ တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေရင်တော့ တစ်ခုခုတော့ တွေ့လာပါမယ်။ Different exposure ရထားတဲ့ group တစ်ခုကို စောင့်ကြည့်နေရင် တစ်ချိန်မှာ outcome ကို တွေ့လာပါမယ်။ ဒါကို Cohort study လို့ ဆိုပါတယ်။ Vape သုံးစွဲသူတွေဟာ မသုံးသူတွေထက် primary spontaneous pneumothorax ပိုဖြစ်တတ်လား ဆိုတာမျိုးက cohort study အတွက် research questions တွေပါ။ နောက် observational study ကတော့ case - control study ပါ။ ဒီ study တွေက outcome ကစပါတယ်။ condition တစ်ခုတွေ့ပြီးတော့ အဲဒီနေရာကနေ ဘာနဲ့ ဆက်စပ်ခဲ့လဲဆိုတာ နောက်ပြန်လိုက်ပါတယ်။ ဒီcondition မဖြစ်တဲ့ case နဲ့ နှိုင်းယှဉ်ပါတယ်။ လတ်တလောနာမည်ကြီးတဲ့ case control study ကတော့ BMJ 2024 မှာ published လုပ်ခဲ့တဲ့ use of progestogens and the risk of intracranial meningioma ပါ။ ၃။ RCTsအများစုနဲ့ ရင်းနှီးမယ့် study ပါ။ New drug တစ်ခု ကောင်းပါတယ်လို့ ပြောဖို့ Randomized controlled trials RCTs တွေလုပ်ကြပါတယ်။ Cause and effect - ကို ပြနိုင်ဖို့ အကောင်းဆုံး study - gold standard လို့ပြောကြပါတယ်။ Bias ကို လျော့ချနိုင်ဖို့ ဒီဇိုင်းတွေလုပ်ထားပါတယ်။ ငွေကြေးအကုန်အကျ များလွန်းတဲ့ research အမျိုးအစားပါ။ RCTs တွေမှာ လည်း limitations တွေရှိပါတယ်။ practicality မှာ စရိတ်ကြီးလို့ industry bias ဝင်လာနိုင်တာ၊ study time ကြာတာ၊ rare diseases တွေအတွက် case အရေအတွက်နည်းလို့ statistically powerful ဖြစ်တဲ့ RCT မရနိုင်တာ၊ effective ဖြစ်လောက်တဲ့ treatment တစ်ခုကို withhold လုပ်တာဟာ ethically sound မဖြစ်တာမို့ တစ်ချို့ treatment တွေအတွက် RCT မလုပ်နိုင်တာ၊ နောက်လူပြောအများဆုံးတစ်ခုကတော့ real world မှာ အပြည့်အဝ အသုံးပြုလို့မရတာ- generalization မှာအားနည်းတာမျိုးပါ။ အခုနောက်ပိုင်း RCTs တွေရဲ့ generalizability gap ကို ဖြည့်နိုင်ဖို့ Real world evidence RWE ဆိုတာကို hybrid model အနေနဲ့ သုံးလာပါတယ်။ RWE တွေက RCT တွေနဲ့ equivalent တော့ မဖြစ်ပေမယ့် daily clinical practice မှာ effectiveness အတွက်တော့ အားကိုးရမယ့် data တွေလို့ ဆိုပါတယ်။ ဒီနှစ်ခုကို propensity score matching နဲ့ statistically balanced လုပ်နိုင်ပေမယ့် အပြည့်တော့ မတူနိုင်ဘူးလို့ဆိုပါတယ်။ အခုနောက်ပိုင်း FDA လို medical community and regulators တွေက decision အတွက် RWE ကို ပိုအသုံးပြုလာပေမယ့် RWE ဟာ RCT ရဲ့ complementary အဆင့်မှာပဲ အသိအမှတ်ပြုထားပါသေးတယ်။ ၄။ Systematic reviews SRsSR က one clear clinical question တစ်ခုနဲ့ ပက်သက်တဲ့ all reliable studies တွေကနေ အကောင်းဆုံး အဖြေတစ်ခုထုတ်တာပါ။ Careful summary of all good studies ပါ။ ကောင်းတဲ့ အချက်တွေ အကုန်စုပြလို့ very strong evidence ပါ။ Step by step plan နဲ့ သွားရလို့ systematic review လို့ ဆိုပါတယ်။ Personal review မဟုတ်ပါဘူး။ ဘယ်လို steps တွေလဲဆိုတာ နောက် အလျဉ်းသင့်ရင် ပြောပါမယ်။ ဘယ် phone အမျိုးအစားက battery အခံဆုံးလဲ ဆိုတဲ့ မေးခွန်းကို သူငယ်ချင်းတစ်ယောက်က ညွှန်းတဲ့ အဖြေက normal review ဖြစ်ပြီး phone အမျိုးအစား တစ်လုံးစီတိုင်းမှာ တစ်နေ့ YouTube videos အတွက် ခြောက်နာရီ game အတွက် နှစ်နာရီ စီ သုံး ကြည့်ပြီး ဘယ် battery အကောင်းဆုံးလဲ ဆုံးဖြတ်တာဟာ systematic review ဖြစ်ပါတယ်။ ၅။ Meta- analysis Systematic review တစ်မျိုးပါပဲ။ multiple studies တွေရဲ့ data ကို pool လုပ်ပြီး ပိုရှင်းတဲ့ အဖြေ - combined overall results ထုတ်ပေးတာပါ။ results တွေ combined လုပ်ပြီး ပြတဲ့အခါ larger reliable study တွေကို ပိုပြီး weightage ပိုပေးပါတယ်။ study တွေရဲ့ similar ဖြစ်မှု မဖြစ်မှု - Heterogeneity ကိုလည်းစစ်ပေးနိုင်ပါတယ်။ ၆။ Guidelines and consensus statements အားလုံးနဲ့ ရင်းနှီးပြီးသားပါ။ Expert panel က ရေးပါတယ်၊ multiple study types တွေကို အသုံးပြုပါတယ်။ Daily treatment decisions အတွက် အရေးအပါဆုံးပါပဲ။သိသင့်တာက guidelines ဟာ original research မဟုတ်ပါဘူး but most influential in clinical practice ပါ။ သတိပြုသင့်တဲ့ အချက်တွေကတော့ - guideline ရဲ့ evidence ဟာ အသုံးပြုထားတဲ့ data ရဲ့ quality ပေါ်အများကြီးတည်ပါတယ်။ expert agreement တွေပါတာမို့ group thinking တွေ personnel belief တွေ ပါလာပါမယ်။ Consensus does not always mean correct ပါ။ Conflict of interest ဟာ guidelines ရဲ့ recommendations တွေအပေါ်လွှမ်းမိုးမှုရှိနိုင်ပါတယ်။ Medical knowledge ပြောင်းလဲမှုဟာ မြန်ဆန်တာမို့ new studies တွေနဲ့ old guidance ဟာ မကိုက်ညီနိုင်တာ guidance က outdated ဖြစ်နေတာ တွေ ရှိနိုင်ပါတယ်။ အရေးအကြီးဆုံးက guidelines တွေဟာ average patients နဲ့ typical situations များအတွက်ပါ။ elderly patients တွေ ၊ multiple comorbidities တွေရှိတဲ့ patients တွေ ၊ rare conditions တွေ ၊ cultural and resources မတူတဲ့ အခြေအနေ တွေ ဒီလို case မျိုးတွေမှာ guideline ကိုချည်း အားမကိုးပဲ clinical judgment သုံးဖို့ အရေးကြီးပါတယ်။ guidelines တွေဟာ complex decision တွေကို oversimplify လုပ်တတ်တာမို့ real life မှာ ပိုပြီး practical ကျတဲ့ decisions မျိုး စဉ်းစားပေးတတ်ရပါမယ်။ ပြောရရင် guidelines တွေဟာ မြေပုံညွှန်းပါ။ directions ညွှန်ရာမှာ အသုံးကျပါတယ်။ traffic တွေ weather တွေ road closures တွေ မပြပါဘူး။ Drivers still need judgement ပါ။ Google map ခေါ်ရာနောက်လိုက်ရင်း ချောင်ကြိုချောင်ကြား ရောက်ဖူးသူတွေ ဒါကို ခံစားလို့ရမှာပါ 😃 ၇။ Qualitative research Qualitative research တွေကတော့ ကိန်းဂဏန်းတွေနဲ့ ရေတွက်တာမဟုတ်ပဲ လူတွေရဲ့ experiences တွေ opinion တွေကို နားထောင်ပြီး တော့ themes တွေ explanation တွေ ထုတ်ပေးနိုင်ပါတယ်။ Real human experience တွေသိနိုင် လူတွေရဲ့ behavior and decision တွေသိနိုင် patient centered care ကို improve လုပ်ပေးနိုင်ပါတယ်။ ဒီလောက်ဆို medical paper တွေ ရဲ့ အမျိုးအစား ကွဲပြားပုံကို ရိပ်မိမယ် ထင်ပါတယ်။ ကျောင်းတက်တုန်းက Textbook တွေ Monographs တွေဖတ်ခဲ့ ၊ အလုပ်ထဲ ရောက်တော့ guidelines တွေပဲ ဖတ်ဖြစ်နေရင် article တွေဘက်ကို ကြိုးစားဖတ်ကြည့်စေချင်ပါတယ်။ Paper တွေဖတ်ရင်းနဲ့ တဖြည်းဖြည်း research သဘောတရားနဲ့ နေသားကျလာမှာပါ။ Critical appraisal လုပ်နိုင်ဖို့ အတွက် statistics တွေ မိုးပျံအောင် ကျွမ်းကျင်စရာမလိုပါဘူး။ Basic research သဘောတရားနားလည်လာရင် critical appraisal ဟာမခက်ခဲပါဘူး။ နေရာတကာကို သံသယ မျက်လုံးနဲ့ Is this true ? လို့ လိုက်ကြည့်နေတာ မဟုတ်၊ How confident should I be that this is true? လ်ို့ ပြောင်းတွေးကြည့်လိုက်တာမျိုးပါ။ Enjoy your study 📚 ပါ #criticalappraisal#research#researcher#MedicalResearch#MedicalEducation#evidencebasedmedicine